
စာရင်းမပါသည့် လက်ဗလာများ (COVID-19 ကူးစက်ရောဂါကာလအတွင်း မြန်မာနိုင်ငံတောင်ပိုင်းရှိ ရွှေ့ပြောင်းအခြေချသူများ၏ စားဝတ်နေရေးရုန်းကန်မှု)
အစီရင်ခံစာ ထုတ်ဝေခြင်း
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
၁၅ ဇူလိုင် ၂၀၂၀
မြန်မာနိုင်ငံတောင်ပိုင်း ဝေးလံခေါင်သီသောဒေသများရှိ ရွှေ့ပြောင်းအခြေချသူများအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာလအတွင်း စားဝတ်နေရေးအတွက် ခက်ခဲကြပ်တည်းစွာ ရုန်းကန်နေကြရသည်။ အသွားအလာကန့်သတ်ခြင်း ကဲ့သို့သော COVID-19 နှင့်ပတ်သက်သည့် ကန့်သတ်ထိန်းချုပ်မှုများကို နိုင်ငံတော်အစိုးရသာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကပါ ချမှတ်ကျင့်သုံးခဲ့ရာ ရွှေ့ပြောင်းအခြေချသူများအနေဖြင့် ပုံမှန်လုပ်ငန်းများ လုပ်ကိုင် ရန်နှင့် မိုးတွင်းအတွက် အစားအစာများ ကြိုတင်သိုလှောင်သိမ်းဆည်းရန် မဖြစ်နိုင်ခဲ့ချေ။
ရွှေ့ပြောင်းအခြေချသူများ၏ အထက်ပါရုန်းကန်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်း၊ အစိုးရနှင့် သက်ဆိုင်ရာအင်အား စုများ သိရှိနားလည်ရန်အတွက် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက “စာရင်းမပါသည့် လက်ဗလာများ” အစီရင်ခံစာ ကို မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေလိုက်ပါသည်။
“တဖြည်းဖြည်းနဲ့ စားရမဲ့ သောက်ရမဲ့ဘဝကို ရောက်တော့မယ်။ ဆင်းရဲတာကနေ “လက်ဗလာ” အနေအထားကို ရောက်တော့မယ်။ ဒီရောဂါက ကျွန်တော်တို့ကို သပ်သပ်ခွဲခြားလိုက်တာပဲ။ ဥပဒေ(ကန့်သတ်ချက်) အသစ်တွေ ကြောင့်လည်း အလုပ်လုပ်ဖို့ အဆင်မပြေဘူး။ မိသားစုကို ဘယ်လိုရှာကျွေးမလဲ။ အခုတော့ ဖြေလျှော့မှု တစ်ချို့တော့ ရှိလာပါပြီ။ ဒါပေမယ့် သိပ်နောက်ကျနေပြီ။ မိုးကျလာပြီလေ။ နွေရာသီမှာ အစားအစာစုဆောင်းဖို့ ကျွန်တော်တို့ အလုပ်လုပ်ခွင့် မရခဲ့ဘူးလေ”
စီးပွားရေးထိခိုက်မှုကို ကုစားနိုင်ရန်အတွက် ၂၀၂၀ ဧပြီလ (၂၈) ရက်နေ့တွင် Coronavirus…

AA ဖမ်းသွားတဲ့ ကျမတို့ ယောကျ်ားတွေကို ပြန်လွှတ်ပေးပါ
ဧရာဝတီ၊ ဇူလိုင် ၁၀၊ ၂၀၂၀ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ဘောင်ဝကျေးရွာမှ ခူမီးချင်း အမျိုးသား…

တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုကြောင့် တပ်ကို ICC တင်ဖို့ AI တောင်းဆို
တပ်မတော်ရဲ့ ဆိုးဝါးတဲ့ ကျူးလွန်ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံ…


အပြည်ပြည်ဆိုင်ရာ ညှဥ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့ သမိုင်းကြောင်း

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ အရပ်သားနှစ်ဦး ပစ်ခတ်ခံရ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ဘက်ပိုင်း အပေါက်ဝကျေးရွာမှာ ဇွန် ၈ ရက် မနေ့ညနေပိုင်းက…

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျိုးအမြတ်အတွက် COVID-19 ကို လက်နက်အဖြစ် အသုံးချခြင်း
သတင်းထုတ်ပြန်ချက် - မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျိုးအမြတ်အတွက် COVID-19 ကို လက်နက်အဖြစ် အသုံးချခြင်း
COVID-19…

( ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့) ဆီဆိုင် တပ်သိမ်းမြေ ကိစ္စအပေါ် ပအိုဝ်းအရပ်ဖက်များ နှင့် မိတ်ဖက် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ သဘောထား ထုတ်ပြန်ချက်
( ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့) ဆီဆိုင် တပ်သိမ်းမြေ ကိစ္စအပေါ် ပအိုဝ်းအရပ်ဖက်များ…

WHO ကား ပစ်ခတ်ခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ ကွင်းဆင်းစစ်ဆေး
ကျော်လွင်ဦး၊ နေမျိုးထွန်း
■ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့…

မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကျရောက်နေသော အရပ်သားပြည်သူများအား ယခုချက်ချင်း အကာအကွယ်ပေးရန် အရပ်ဘက်လူထုအဖွဲ့အစည်းများမှ တိုက်တွန်းတောင်းဆိုခြင်း
၂၀၂၀ ခုနှစ် ဧပြီလ ၁၅ ရက်နေ့
အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့်…