Entries by ndb14

ကျောက်မဲ အနိုင်ရ NLD ကိုယ်စားလှယ် သေနတ်နဲ့ ပစ်သတ်ခံရ

ကံသာ ■ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ်(၁) နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ဒီနေ့ ညပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားပါတယ်။ ဒီနေ့ည ခြောက်နာရီလောက်က နေအိမ်ရှေ့မှာ ဖွင့်လှစ်ထားတဲ့ကုန်စုံဆိုင်မှာရှိနေချိန် သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရင်ဘတ်ကို သေနတ်ကျဉ်ဆံထိမှန်ပြီး သေဆုံးသွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။ သေနတ်ဒဏ်ရာတွေနဲ့ ဦးထိုက်ဇော်ကို ကျောက်မဲဆေးရုံကို ပို့တောင်ခဲ့ကြပေမယ့် ဆေးရုံအရောက်မှာပဲ သေဆုံးသွားတာဖြစ်ပါတယ်။ NLD ကိုယ်စားလှယ် ဦးထိုက်ဇော် ပစ်ခတ်ခံရပြီး သေဆုံးရတဲ့ကိစ္စဟာ ဘယ်သူ့လက်ချက်လည်းဆိုတာကိုတော့ မသိရသေးပါဘူး။ ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၅)ရက်နေ့ကလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ နေအိမ်သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။ အဲ့ဒီပစ်ခတ်မှုမှာတော့ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌရဲ့ နေအိမ်မှန်တွေ ပျက်စီးခဲ့တာပါ။ (၂၀၂၀) […]

“ပစ်ပယ်ခြင်းနှင့် ငြင်းဆို ခြင်း။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အခင်းအကျင်းတွင် နိုင်ငံသားအခွင့်အရေး ယုတ်လျော့စေမှု”

နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး လျစ်လျူရှုခံရသည်ကို ဖော်ပြထားသည့် “ပစ်ပယ်ခြင်းနှင့် ငြင်းဆို ခြင်း။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အခင်းအကျင်းတွင် နိုင်ငံသားအခွင့်အရေး ယုတ်လျော့စေမှု” စာတန်းငယ်ကို ND-Burma မှပြုစု ထုတ်ပြန်လိုက်သည်။ သတင်းထုတ်ပြန်ချက်     ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကာက်ပွဲနှင့်ပတ်သက်ပြီး ဂုဏ်သိက္ခာရှိမှုနှင့် ပွင့်လင်းမြင်သာမှုတို့အပေါ် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ စိုးရိမ်ပါသည်။ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၅ ရက်မှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ သတင်း အချက် အလက်များအပေါ် သုံးသပ်ထားသည့် “ပစ်ပယ်ခြင်းနှင့် ငြင်းဆိုခြင်း။ ၂၀၂၀ ရွေးကောက် ပွဲ မတိုင်မီ အခင်းအကျင်းတွင် […]

,

ပစ်ပယ်ခြင်းနှင့် ငြင်းဆိုခြင်း – ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အခင်းအကျင်းတွင် နိုင်ငံသားအခွင့်အရေး ယုတ်လျော့စေမှု

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပထမဆုံးအကြိမ်မဲပေးမည့် မဲဆန္ဒရှင် ၅ သန်းအပါအဝင် ပြည်သူ သန်း ၄၀ နီးပါးသည် ၂၀၂၀ ခုနှစ် မြန်မာ့ရွေးကောက်ပွဲအတွက်မဲပေးကြတော့မည်ဖြစ်သည်။ ပြည်ထောင်စု၊  ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ နေရာ ၁၁၇၁၁  နေရာကို  နိုင်ငံရေးပါတီ ၉၀၂  ကျော်က ဝင်ရောက်ယှဉ်ပြိုင်ရန် မဲဆွယ်ပွဲကာလအတွင်း အပြင်းအထန် ယှဉ်ပြိုင်မဲဆွယ်နေကြသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲအတွက် မဲဆွယ်ကတိက ဝတ်ပြုနေကြသော်လည်း ၎င်းတို့နှင့် ဆန့်ကျင်ကွဲလွဲစွာပင် ထောင်နှင့်ချီသည့် မဲဆန္ဒရှင်များသည် တိုက်ပွဲဖြစ်သည့်ဒေသများတွင် နေထိုင်သူများဖြစ်ပြီး ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြောင့် စီးပွားရေးအရ နာလန်ထူရန် ကြိုးပမ်း နေရသူများဖြစ်နေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ဦးဆောင်သည့်  အာဏာရအစိုးရ၊ မြန်မာ့တပ်မတော်၊ တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊  ပြည်ထောင်စုရွေး […]

တရားမျှတမှု စာစောင် (၂၀၂၀ ခုနှစ် အောက်တိုဘာလ)

အကျဥ်းချုပ် ယခုလအတွင်းတွင် ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု အပြင်းထန်ဆုံး လဖြစ်သည်။ COVID-19 ကမ္ဘာ့ကပ် ရောဂါ ဖြစ်ပွားသည့်ကြား နိုင်ငံရေးပါတီများသည် ဒေသအသီးသီရှိ ပြည်သူများထံသို့ရောက်ရှိနိုင်ရန် မဲဆွယ်စည်းရုံးရေးအတွက် ကြိုးပမ်းအားထုတ် ခဲ့ကြသည်။ ဤကာလအတွင်း ရခိုင်နှင့်ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ တိုးလာလျက်ရှိပြီး အရပ်သား ပြည်သူများကို ထိခိုက်ဒဏ်ရာရစေခြင်း နှင့် မတရားဖမ်းဆီးမှုများ တိုးလာ လျက်ရှိ သည်။ ကပ်ရောဂါနှင့် ပဋိပက္ခ ဖြစ်ပွားရာ နေရာများတွင် မဲဆွယ်လှုပ်ရှားမှု ပြုလုပ်နေမှုများသည် အရပ်သား ပြည်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက် စေသည်။ ရွေးကောက်ပွဲကော်မရှင်၏ မြို့နယ် ၅၆ မြို့နယ်တွင် ရွေးကောက် ပွဲဖျက်သိမ်း ကြောင်း ကြေငြာခြင်းသည် ဒေသခံ နိုင်ငံရေးပါတီများအား အံ့သြဒေါသ ထွက်စေခဲ့သည်။​ ထိုကဲ့သို့ ဖျက်သိမ်းမှုကြောင့် မဲပေးပိုင်ခွင့် […]

ရခိုင်ပြည်နယ်မှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း(၃)ဦး ဖမ်းဆီးထိန်းသိမ်းထားခံထားရမှုအပေါ် သဘောထားကြေညာချက်

ရက်စွဲ။  ။ အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၀ ပြည့်နှစ် ၁။  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) သည် အသင်းစတင် တည်ထောင်ခဲ့သည့် ၂၀၀၀ ခုနှစ်ကတည်းက စတင်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစဉ်တစိုက် လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်ပါသည်။ ထို့သို့ဆောင်ရွက်ရာတွင် လက်နက်ကိုင် တိုက်ပွဲများကြောင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသူများအပါအဝင် အားလုံးသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်သည်။ အေအေပီပီ၏ ဆောင်ပုဒ်မှာ “နိုင်ငံရေး အကျဉ်းသားများ ရှိနေသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်”ဟု ဖြစ်ပြီး၊ အေအေပီပီသည် နိုင်ငံရေးအရ သီးခြားလွတ်လပ်သော အဖွဲ့အစည်းဖြစ်သည်။ အေအေပီပီသည် နယ်စပ်ဒေသတွင် အခြေစိုက်ခဲ့သော အဖွဲ့ဖြစ်ခြင်းကြောင့် ရက္ခိုင် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ရင်းနှီးသော အခြေခံရှိပါသည်။ ထို့ကြောင့် ယခုကဲ့သို့ […]

AA အဖွဲ့က ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ရွာသားများထံ ဆန်အတင်းအဓမ္မတောင်းယူ ကောင်းခံ

(ပလက်ဝမြို့ -၂၀၊ ၁၀၊ ၂၀၂၀) မကြာသေးမီရက်များအတွင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် AA အဖွဲ့က ဒေသခံရွာသားများထံ ဆန်အတင်းဓမ္မတောင်းယူနေသည်ဟု  အမည်မဖော်လိုသူဒေသခံတစ်ဦးက ချင်းလူ့အခွင့် အရေးအဖွဲ့ထံ သတင်းပေးပို့သည်။ ၁၄၊ ၀၉၊ ၂၀၂၀ရက်နေ့မှစတင်၍ ပလက်ဝမြို့မှမြောက်ဘက် ကုလတန်မြစ်ကမ်းနဘေးမှာရှိတဲ့ ငရှားကျေးရွာ အုပ်စုအတွင်းမှ ကျေးရွာပေါင်း(၅)ခုထံ တစ်အိမ်ထောင်လျှင် ဆန်(၂)တင်းစီနှုန်းဖြင့် အတင်းဓမ္မတောင်းယူ ကောက်ခံနေ လျက်ရှိကြောင်း၊ ကောက်ယူ၍ရရှိသောဆန်များကို အဆိုပါကျေးရွာကပင် တစ်ရွာလျှင်လူ(၁၀)ဦး စီ ခေါ်ယူပြီး ၎င်းတို့စခန်းနှင့် နီးစပ်ရာတောတွင်း တစ်နေရာသို့သယ်ယူပို့ဆောင်ခိုင်းခဲ့ကြောင်း ထိုသူက ပြောသည်။ “AA တွေက စက်တင်ဘာလ (၁၄) ရက်ကနေ ဆက်ကြေးကောက်တယ် တစ်အိမ်ကို ဆန်နှစ်တင်းစီ ပေး‌ရ တယ် လို့ သိရတယ် ဆန်ကို တစ်တင်းအတွက် ကျပ်(၁၀၀၀၀ ) တော့ ပြန်ပေးတယ်လို့ ပြောတယ် ပြီးတော့ ဆန်ကို ငသိန်းရွာအကျော်အထိ ထမ်းပို့ပေးရတယ်။ ထမ်းခ အနေနဲ့ တစ်တင်းအတွက် ကျပ်(၂၀၀၀) ပေးတယ် လို့ပြောပါတယ် ဆန်ကောက်တာက ငရှားရွာကနေ ရေချမ်းသာရွာတွေအထိ အကုန်ပါတယ်လို့ပြောကြတယ်” ဟု အဆိုပါရွာသားက ဆက်ဆိုသည်။  ရွာသားများသည် ဆန်တစ်အိတ်လျှင် ကျပ်ငွေ(၇၅၀၀၀)နှင့်ဝယ်ယူနေရသည့်အချိန်တွင် AA အဖွဲ့သားများကမူ ၎င်းတို့ ကောက်ယူတဲ့ဆန်တန်ဘိုးအတွက်ဟုဆိုကာ ဆန်တစ်အိတ်လျှင်ကျပ်ငွေ(၄၀၀၀၀)လောက်သာ ပြန်ပေး နေခြင်းသည် ရွာသားများကို […]

မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမှ NLD အမတ်လောင်းများကို ပြန်လွှတ်မည်ဟု AA ပြော

မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမှ တောင်ကုတ် NLD ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီးထားကြောင်း AA အတည်ပြု အဆိုပါ ကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးမည်ဟု AA ဘက်က ဆိုသည် Myanmar Now  Oct 20, 2020 ဖမ်းဆီးခံထားရသူများအား AA ၏ ထုတ်ပြန်ချက်တွင်တွေ့ရပုံ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင် တောင်ကုတ်မြို့နယ် ကိုယ်စားလှယ်လောင်း သုံးဦးကို  ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် (AA) က အောက်တိုဘာ ၁၉ ညပိုင်းတွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ တောင်ကုတ်မြို့နယ်  အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်နှင့် အမှတ် ၁၂ မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော တို့သည် အောက်တိုဘာ ၁၄ […]

ကျောက်မဲက တိုက်ပွဲရှောင်တွေ နေရပ်မပြန်နိုင်သေး၊ တိမ်းရှောင်ရသူဦးရေ ထပ်တိုးလာနေ

သတင်းဓာတ်ပုံ မိုင်းအနိုင်၊ ရွှေဖီမြေ တပ်မတော်နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့အကြား တိုက်ပွဲကြောင့် ကျေးရွာအသီးသီးမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တိုက်ပွဲရှောင်တွေဟာ နေရပ်မပြန်နိုင်ကြသေးသလို အချို့ကျေးရွာမှာ တိမ်းရှောင်ရသူ ထပ်တိုးလာတာကြောင့် တိမ်းရှောင်နေရသူ ၃ ထောင်ကျော်ရှိလာပြီလို့ ကူညီပေးနေသူတွေက ပြောပါတယ်။ တိုက်ပွဲတွေ မရှိတော့ပေမယ့် တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေတာကြောင့် တိုက်ပွဲဆက်ဖြစ်မှာကို စိုးရိမ်နေရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်လာတာဖြစ်တယ်လို့ ကျေးရွာခံတွေက ပြောပါတယ်။ တိုက်ပွဲရှောင်တွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်း (၁၀)ကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြတာ ဖြစ်ပါတယ်။ ကျောက်မဲမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက “တစ်ကယ် တိုက်ပွဲဖြစ်လို့ ထိတဲ့ရွာတွေက လေးရွာလောက်ဘဲရှိမယ်။ ကျန်တဲ့ရွာတွေက ကြောက်လို့ထွက်ပြေးတာ” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။ ဟိုနမ့်ကျေးရွာဘုန်းကြီးကျောင်းမှာ တိမ်းရှောင်ရသူဦးရေ (၃၇ဝ)ကျော်ရှိပြီး အဲဒီကျေးရွာဟာ လမ်းခရီးဝေးတဲ့အတွက်ကြောင့် (၁ဝ)ရက်လောက်အကြာမှ ကူညီပေးနေတဲ့အဖွဲ့တွေ […]

RCSS နဲ့ တပ်မတော်တို့အကြားက တိုက်ပွဲကြောင့် တိမ်းရှောင်နေရသူ (၂)ထောင်ကျော်အထိ ရှိလာ

မိုင်းယိုင်နီ၊ ရွှေဖီမြေ အောက်တိုဘာ ၈ ရက်၊ ကျောက်မဲ စက်တင်ဘာလ ၃၀ ရက်ကစတင်ပြီး ဒီနေ့ အောက်တိုဘာ ၈ ရက်အထိ တပ်မတော်နဲ့ RCSS တို့အကြား စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲမြို့နယ်ထဲမှာ တိမ်းရှောင်နေရသူ ၂ ထောင်ကျော် ရှိနေပြီဖြစ်ပါတယ်။ တိုက်ပွဲကြောင့် တိမ်းရှောင်နေရသူတွေအတွက် စားနပ်ရိက္ခာ အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မနေ့ အောက်တိုဘာ ၇ ရက်မှာတော့ အကူအညီ လိုအပ်နေတဲ့ တိုက်ပွဲရှောင်တွေကို လားရှိုး၊ သီပေါ၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်ရှိ လူမှုကူညီရေးအသင်းတွေက အလှူရှင်တွေ လှူဒါန်းထားတဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ဟင်းသီးဟင်းရွက်တွေကို ကား (၁၁)စီးနဲ့ သွားရောက်ကူညီပေးခဲ့ကြပါတယ်။ နယ်စည်းမခြားပရဟိတ(သီပေါ)မှ ကိုမျိုးက “ပုံဝိုးရွာနဲ့ နာဆောင်းရွာက စစ်ရှောင်တွေကို မနေ့က […]

ဖယ်ကြဉ်မရှိမှ လွတ်မျှတ

“ဖယ်ကြဉ်မရှိမှ လွတ်မျှတ – မြန်မာနိုင်ငံတောင်ပိုင်းရှိ ကျေးလက်နေပြည်သူများ၊ အခြားနည်းဖြင့်သန်စွမ်းသူများ၊ ပထမဆုံးမဲပေး မည့်လူငယ်နင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလက်အောက်ရှိ ဒေသခံပြည်သူများ၏ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲနှင့် စိန်ခေါ်မှုများ” အစီရင်ခံစာ မိတ်ဆက်ခြင်း။ လာမည့် ၂၀၂၀ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲမတိုင်မီ တလအလိုဖြစ်သည့် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ‘“ဖယ်ကြဉ်မရှိမှ လွတ်မျှတ’ ဟု အမည်ပေး ထားသည့် အစီရင်ခံစာသစ်တစောင်အား ထုတ်ပြန်လိုက်ပါသည်။ ဤအစီရင်ခံစာတွင် စီမံကိန်းနယ်မြေဒေသ (၆) ခုအတွင်းရှိ ဝေးလံ ခေါင်သီသည့်ဒေသများမှ ကျေးလက်နေပြည်သူများ၊ အခြားနည်းဖြင့် သန်စွမ်းသူများ၊ ပထမဆုံးမဲပေးကြမည့် လူငယ်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ရာဒေသများမှ တိုင်းရင်းသားပြည်သူလူထုတို့၏ ရွေးကောက်ပွဲတွင် ပါ ဝင်နိုင်မှုဆိုင်ရာ အခက်အခဲနှင့် စိန်ခေါ်မှုအသံများအပေါ်အခြေခံပြီး ရေးသားပြုစုထားခြင်း ဖြစ်သည်။ အစီရင်ခံစာအပြည့်အစုံကို အောက်ဖော်ပြပါ နေရာတွင်ရယူနိုင်ပါသည်။ [wpdm_package id=’4636′]