မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့များ လူ့အခွင့်အရေး မှတ်တမ်းပြု ခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး အတွက် နည်းလမ်းတရပ် ဖြည့်ဆည်းပေးသော အားဖြင့် (၂၀ဝ၄) ခုနှစ်တွင် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။
လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက် သည် ကွင်းဆင်း အချက်အလက် စုဆောင်းရေး လုပ်ငန်းများအတွက် သင်တန်းများလည်း ပေးပါသည်။
Benetech မှ တီထွင်ထားသော လွတ်လပ်စွာ အခမဲ့သုံးနိုင်သော Open-Source Software ကို အသုံးပြုလျက် အဖွဲ့ဝင်များ ပေးသော သတင်းအချက် အလက်များကို ညှိနှိုင်းပြီး၊ ဘုံ အချက် အလက် ဘဏ်မှာ ထည့်သွင်း ပါသည်။ ထို့အပြင် ပူးတွဲ အစီရင်ခံ တင်ပြခြင်းနှင့် စည်းရုံးလှုံ့ဆော် တိုက်တွန်းခြင်း လှုပ်ရှားမှု များကိုလည်း ဆောင်ရွက်ပါသည်။ အခွင့်သင့်ပါက မိမိ၏လုပ်ငန်း နယ်ပယ် မှန်သမျှတွင် အခြားသော လူ့အခွင့်အရေး အဖွဲ့များနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျှက် ရှိပါသည်။
မျှော်မှန်းချက်
ငြိမ်းချမ်း၍ ဖက်ဒရယ်ဒီမိုကရေစီ ထွန်းကားသည့် မြန်မာနိုင်ငံတွင် အတိတ်မှလူ့အခွင့်အရေး ချိုးဖောက်မှုများကို အသိအမှတ်ပြုပြီး နစ်နာခဲ့ရသူများ၏ ဂုဏ်သိက္ခာအား ပြန်လည်မြှင့်တင်ထိန်းသိမ်းရေးအတွက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကာ အတိတ်မှ ဆိုးဝါးသည့်ချိုးဖောက်မှုများ ထပ်မံမဖြစ်ပွားရေးစေရေးအတွက် ကာကွယ်စောင့်ကြပ် သွားရန်
ရည်ရွယ်ချက်
လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရသူများအတွက် အမှန်တရား၊ တရားမျှတမှု၊ ပြန်လည်ကုစားမှု လုပ်ငန်းစဉ်များနှင့် အတိတ်မှ ဆိုးဝါးသည့်ချိုးဖောက်မှုများ ထပ်မံမပေါ်ပေါက်စေရေးအတွက် နိုင်ငံတော်မှ တာဝန်ယူလာစေရေး စည်းရုံးလှုံ့ဆော်သွားရန်
ရည်မှန်းချက်
ကွန်ရက်၏အဖွဲ့ဝင်များနှင့် လူ့အခွင့်အရေးအတွက် စည်းရုံးတိုက်တွန်းနေသည့် အဖွဲ့များအနေဖြင့် အရည်အသွေးမြင့်၍ အရည်အတွက်များသော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အချက်အလက်များကို အကျိုးရှိရှိ အသုံးချနိုင်စေရေးအတွက် စုဆောင်းထုတ်ပြန်သွားရန်။
လုပ်ငန်းများ
ကွန်ရက်အနေဖြင့် ချမှတ်ထားသည့်ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်စေရန်အတွက် အရည်အသွေးမြှင့်တင်ခြင်း၊ အချက်အလက်စီမံခန့်ခွဲခြင်းနှင့် စည်းရုံးတိုက်တွန်းမှုလုုပ်ငန်းများ ဆောင်ရွက်ပါသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားသော လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုး အစားများကား များပြားလှသည်ဖြစ်ရာ ကွန်ရက်၏ အဖွဲ့ဝင် အသီးသီးသည် မိမိတို့၏ သတ်မှတ်ထားသော တာဝန်နှင့် အထူး သက်ဆိုင်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ အာရုံစိုက် မှတ်တမ်းတင်ကြပါသည်။
ကွန်ရက်အဖွဲ့၀င်များ
အဖွဲ့ဝင် စံညွန်း
- နိုင်ငံရေးအရ လွတ်လပ်စွာ ပြုမူ ဆောင်ရွက်ခြင်း။
- လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း ကိစ္စနှင့် ပတ်သက်၍ အားကောင်းသော ဆောင်ရွက်မှုများ ပြသနိုင်ခြင်း။
- စုပေါင်းကြိုးပမ်း ဆောင်ရွက်မှု အပေါ် စိတ်အားထက်သန်ခြင်း
၂၀၁၄ ခုနှစ် ဧပြီလအထိ ကွန်ရက်အဖွဲ့ဝင်များအဖြစ် အောက်ပါအဖွဲ့အစည်းများ ပါဝင်သည်။
အဖွဲ့ဝင်များ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP-B)
- မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM)
- ကချင်အမျိုးသမီး အစည်းအရုံး – ထိုင်းနိုင်ငံ (KWAT)
- ပလောင်အမျိုးသမီး အစည်းအရုံး (PWO)
- တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (TSYO)
- ထားဝယ်အမျိုးသမီးသမဂ္ဂ
- ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC)
- လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)
- အနာဂါတ်အလင်းတန်းဆုံမှတ်အဖွဲ့ (FLC)
ဆက်စပ်အဖွဲ့ဝင်များ
- ပအိုဝ့်လူငယ်အစည်းအရုံး (PYO)
- ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
- ပဲခူးအရှေ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ရက်
- ရှေ့ပြေးအသံ
ပါတနာအဖွဲ့အစည်းများ
- International Center for Transitional Justice (ICTJ)
- Benetech
- Human Rights Defenders and Promoters
- Former Political Prisoners (FPPs)
- Asia Justice and Rights (AJAR)
- REDRESS
လှုပ်ရှားမှုများ
လူ့အခွင့်အရေး မှတ်တမ်းပြုခြင်း
မြန်မာနိုင်ငံမှာဖြစ်ပွားသော လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစားများကား များပြားလှသည်ဖြစ်ရာ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ၏ အဖွဲ့ဝင် အသီးသီးသည် မိမိတို့၏ သတ်မှတ်ထားသော တာဝန်နှင့် အထူး သက်ဆိုင်သော လူ့အခွင့်အရေး ချိုးဖောက်မှု များကိုသာ အာရုံစိုက် မှတ်တမ်းတင်ကြပါသည်။
မှတ်တမ်းပြုခြင်း လက်စွဲစာစောင်များ
အဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်ရေးအတွက် စည်းမျဉ်းကန့်သတ်ချက် ဘောင်တခု ပေါ်ပေါက်လာရေးတွင် ဦးစားပေး လုပ်ငန်း တာဝန်တရပ် အနေနှင့် ကွန်ရက်သည် အထူးအာရုံစိုက်မည့် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးအစား များကို “သတ်မှတ်ထားသော ဝေါဟာရများ” ဖြင့် စာရင်းပြုစုထားကြပါသည်။ ဤစာရင်းကို အခြေခံလျက် ကွန်ရက်က ချိုးဖောက်မှု (၁၃) ခုကို အထူးပြုထားသည့် လက်စွဲ စာစောင်များနှင့် အထွေထွေ မှတ်တမ်းပြုခြင်း လက်စွဲစာစောင်များ ရေးသားပြုစု ထုတ်ဝေခဲ့ပါသည်။
- သတ်ဖြတ်ခြင်း နှင့် အစဖျောက်ပစ်ခြင်း
- မတရား ဖမ်းဆီးမှုများနှင့် ထိန်းသိမ်းချုပ်နှောင်မှုများ
- ကလေးစစ်သားများ အသုံးပြုမှု
- အတင်းအဓမ္မ ရွှေ့ပြောင်းခံရခြင်း
- မုဒိမ်းပြုကျင့်မှုနှင့် အခြားသော လိင်မှုဆိုင်ရာ အကြမ်းဖက်မှု ပုံသဏ္ဍန်များ
- ညဉ်းပမ်း နှိပ်စက်ခြင်း နှင့် အခြားသော မလျော်ကန် ပြုမူခြင်းပုံစံများ
- အဓမ္မလုပ်အားစေခိုင်းမှု
- လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကိုပိတ်ပင်ဟန့်တားခြင်း
- ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ချိုးဖောက်ခြင်း
- အတင်းအဓမ္မ လက်ထပ်စေခြင်း
- လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းခံရခြင်း
- လူကုန်ကူးရောင်းဝယ်ခြင်း
- လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်၊ လွတ်လပ်စွာ စေဝေးခွင့်ကို ထိပါးနှောက်ယှက်မှု
- အထွေထွေမှတ်တမ်းပြုခြင်း တို့ ဖြစ်သည်။
သင်တန်းများ
လူ့အခွင့်အရေး မှတ်တမ်းကွန်ယက်၏ သင်တန်းအဖွဲ့မှ ကွန်ရက်၏ အဖွဲ့ဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများအတွက် ကွန်ယက်အတွက် လိုအပ်သည့် သင်တန်းများကို ဆောင်ရွှက်ပေးလျှက် ရှိပါသည်။ လူ့အခွင့်အရေး မှတ်တမ်းပြုခြင်း သင်တန်းနှင့် မားတပ်စ် ဆော့ဝဲလ်အသုံးပြုခြင်း သင်တန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျှက်ရှိသည်။ အခြားဆောင်ရွက်လျှက်ရှိသော သင်တန်းများမှာ
- လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ ဥပဒေများ
- လုပ်ငန်းစဉ် (ပရောဂျက်)များ စီမံခန့်ခွဲခြင်း အတတ်ပညာ
- ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု အတတ်ပညာ
- ဗီဒီယို ရိုက်ကူးခြင်းနှင့် တည်းဖြတ်ခြင်း အတတ်ပညာ
- အခွန်ကောက်ခံခြင်းနှင့် သက်ဆိုင်သည့် ပညာပေးမှုများ
- တွေ့ဆုံမေးမြန်းခြင်း (အင်တာဗျုး) များ ပြုလုပ်ခြင်း နည်းစနစ်များ
- စည်းရုံးလှုံ့ဆော်ခြင်း
- နည်းပြသင်တန်းများ
လူ့အခွင့်အရေးဆိုင်ရာ အချက်အလက် ဒေတာများ စီမံခန့်ခွဲမှု
အဖွဲ့ဝင် အဖွဲ့အစည်းအားလုံးသည် မားတပ်စ် (Martus) ဟု ခေါ်သည့် မှတ်တမ်းတင်ခြင်းဆိုင်ရာ ဆော့ဖ်ဝဲယား တခုတည်း ကို အသုံးပြုနေကြပါသည်။ ဤ ပရိုဂရမ်သည် စိစစ် ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း၊ ဖြစ်ရပ် အစီရင်ခံစာများကို လျှို့ဝှက် စာဝှက်ထား သောနည်း (encryption) ဖြင့် သိမ်းဆည်းခြင်း ပြုနိုင်ပါသည်။ ဤသို့ သိမ်းဆည်းထားသော အစီရင်ခံစာများကို စာစဉ်များ (bulletins) ဟု ခေါ်ပါသည်။ ဤဒေတာ အချက်အလက်များကို သိုလှောင်ရာ ဆာဗာတခုတွင် လုံခြုံစွာ ထည့်သွင်းသိမ်းဆည်းထားသည်။
တိုက်တွန်း စည်းရုံးခြင်း
လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်သည် ကွန်ရက်၏ ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အခြားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို ကွန်ရက်၏ ဝက်ဘ်ဆိုက်ဒ်စာမျက်နှာမှ တဆင့် တိုးတက်သိရှိအောင် ဆောင်ရွက်နေပါသည်။
လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်သည် ကွန်ရက်၏ လူ့အခွင့်အရေးမှတ်တမ်း စုဆောင်းမှုများမှနေ၍ ဒေတာ အချက်အလက်များကို တိုက်တွန်းစည်းရုံးမှု ပြုနေကြသည့် သက်ဆိုင်ရာ ကမ်ပိန်း၊ အဖွဲ့အစည်းများထံ ပံ့ပိုးပေးနေပါသည်။ ကွန်ရက်မှ စုဆောင်းထားသည့် အချက် အလက်များကို စိစစ်သုံးသပ်၍ အစီရင်ခံစာများလည်း ထုတ်ဝေနေပါသည်။
လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်သည် အဖွဲ့ဝင်များနှင့် အခြား ဒေသဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ ကမ်ပိန်း လှုပ်ရှားမှုများနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။