” လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း သင်တန်းလက်စွဲစာအုပ်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေလိုက်ပါသည်။

ND-Burma အနေဖြင့် ငြိမ်းချမ်း၍ ဒီမိုကရေစီထွန်းကားသော မြန်မာနိ်ုင်ငံအဖြစ် အသွင်ကူး ပြောင်းရေးတွင် အမှန်တရားနှင့် တရားမျှတမှု ရှာဖွေနိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်း လူ့အခွင့် အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်လျှက်ရှိသည်။ ထိုသို့ မှတ်တမ်းတင်ခြင်းလုပ်ငန်း လုပ် ဆောင်နိုင်ရန်အတွက် ND-Burma ၏ သင်တန်းအဖွဲ့အနေဖြင့် ကွင်းဆင်းသတင်းကောက်ယူ သူ များအား လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ခြင်း သင်တန်းများ ပို့ချပေးလျှက်ရှိရာ၊ ND -Burma မှ သင်တန်းဆရာများအပြင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်လုပ်ဆောင်နေသည့် ND-Burma အဖွဲ့ဝင် မဟုတ်သည့် အဖွဲ့အစည်းများပါ အသုံးပြု နိုင်ရန်အတွက် ယခုလက်စွဲ စာအုပ်အား ထုတ်ဝေရခြင်းဖြစ်ပါသည်။

ဤသင်တန်းလက်စွဲစာအုပ်သည် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူ စုဆောင်း မည့်သူများအား မှတ်တမ်းတင်ခြင်းလုပ်ငန်း၊ နည်းနာများ၊ သက်သေအထောက်အထားရှာဖွေခြင်း၊ အချက်အလက်ရှာဖွေခြင်း၏ အဓိကအစိတ်အပိုင်းဖြစ်သည့် တွေ့ဆုံမေးမြန်းမှုပြုရာတွင် ဆောင်ရွက် သင့်သည့် လုပ်ငန်းအစီအစဉ်၊ ဆောင်ရန်၊ ရှောင်ရန်များ၊ သတင်းအချက်အလက်ပေးသူအတွက် လုံခြုံရေးစသည့် အပိုင်းများကို မည်သို့ သင်ကြားပို့ချရမည်ကို ဖော်ပြထားပါသည်။”

[wpdm_file id=3]