ဧရာ၀တီတိုင်းဒေသကြီး၊ဘိုကလေးမြို့တွင် ND Burma (လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ) နှင့် HRDP (လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့) တို့ ပူးတွဲပြုလုပ်သော “လူ့အခွင့်အရေးချိုးဖေါက်မှု မှတ်တမ်းခြင်းဆိုင်ရာသင်တန်း” ကို ဘိုကလေးမြို့၊အမှတ်(၄)ရပ်ကွက်ရှိ အလင်းတံခါးအခမဲ့ပညာရေးသင်တန်း တွင်၁၂-၈-၂၀၁၃ မှ ၁၈-၈-၂၀၁၃ ထိ ၇ ရက်ကြာကျင်းပပြုလုပ်ခဲ့ပါသည်။

၄င်းသင်တန်းသို့ ဧရာ၀တီတိုင်း အခြေစိုက်မြို့နယ်များဖြစ်သော ဘိုကလေး၊ ပုသိမ်၊ သာပေါင်း၊ ချောင်းသာ၊ ငွေဆောင်၊ ငပုတော၊ ကန်ကြီးဒေါင့်၊ ဓနုဖြူ၊ ဟင်္သာတ၊ မအူပင်၊ မြင်းကကုန်း မြို့နယ်များမှ လူ့အခွင့်အရေးကာ ကွယ်မြှင့်တင်သူများအဖွဲ့ ၀င်သင်တန်းသား၊သင်တန်းသူ ၂၁ ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဖွင့်ပွဲသို့ လူ့အခွင့်အရေးကာကွယ်မြှင်တင်သူများအဖွဲ့ တာ၀န်ခံ ဦးမြင့်အေး မှတက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ HRDP, program director ကိုမောင်မောင်လေး နှင့် ND Burma မှ ပြည်တွင်းတာ၀န်ခံ ကိုသားကြီး တို့မှ သင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

၄င်းသင်တန်းတွင် လူ့အခွင့်အရေးအခြေခံ(UDHR)၊ အသွင်ကူးပြောင်းရေးကာလအမှန်တရားရှာဖွေဖြင်း( Transitional Justice )၊ လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းကောက်ယူခြင်း(Documentation) ဘာသာရပ်များကို သင်တန်းပို့ချသူ ၃ဦး တို့မှ ၇ ရက်တာသင်ကြားပို့ချခဲ့ကြပါသည်။