အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးမြညိမ်းအား ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ Research and Right to Development Division မှ ညွှန်ကြားရေးမှူး Ms. Marcia Kran ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက် ၉  နာရီခွတြွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်တွင် လော၇ာက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ နှင့်အတူ ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီဥက္ကဌ ဦးအောင်ငြိမ်း၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဌ ဗိုလ်မှူးကြီးမောင်မောင်ထူးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးမြညိမ်းက လွှတ်တော်တွင် ဒီမိုကရေစီအရေနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဖွဲစည်း ထားခြင်းနှင့် ပြည်ထောင်စုအစိုးရကလည်း လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လွှတ်တော်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့အကြား လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်မှုအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများရေးဆွဲရာတွင် ရေရှည်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အလားအလာများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။